အသက်အာမခံအကြောင်း တစေ့တစောင်:

 

နိုင်ငံတော်ပိုင် (၁)ခု၊ ပြည်တွင်းကုမ္ပဏီ (၈)ခု၊
ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီ (၃)ခုနဲ့
ရာနှုန်းပြည့် ရင်းနှီးမြုပ်နှံမှုနှင့်လုပ်ကိုင်ခွင့်ရထားတဲ့ ပြည်ပကုမ္ပဏီ(၅)ခု ရှိပါ
တယ်။

🔖 Government-owned (1)
☑ မြန်မာ့အာမခံ

🔖 Local Companies
☑ အောင်မြင့်မိုရ်မင်း
☑ အောင်သစ္စာဦး
☑ AMI Life (AYA Myanmar Life Assurance)
☑ EFI Life (Excellent Fortune Insurance Co., Ltd.)
☑ FNI Life (First National Insurance Public Co., Ltd.)
☑ GLI
☑ KBZ Life
☑ Young (Young Insurance Global Co., Ltd.)

🔖 Joint Venture (JV) Companies (3)

☑ Capital Taiyo Life
☑ CB Life
☑ GGI Nippon Life

🔖 Foreign Companies (5)
☑ AIA
☑ Chubb
☑ Dai-ichi (Dai-ichin life Myanmar)
☑ Manulife
☑ Prudential

အကြမ်းဖျင်းအားဖြင့် အာမခံအမျိုးအစားက ၂မျိုးပဲရှိပါတယ်။ ဒါကတော့အသက်အာမခံ နဲ့ အထွေထွေအာမခံ တို့ဘဲဖြစ်တယ်။ကုမ္ပဏီ တစ်ခုချင်းစီမှာ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။

အာမခံဆိုတာက နှစ်ဦးနှစ်ဖက်ကြားမှာ ထားရှိထားတဲ့ စာချုပ်စာတမ်းဆိုင်ရာသဘောတူညီချက်တစ်ရပ်ပါ။ အာမခံကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်တစ်ဦးတို့ကြား ဒါမှမဟုတ် အာမခံကုမ္ပဏီနဲ့ လုပ်ငန်းအဖွဲ့အစည်း တစ်ခုခုကြားမှာထားရှိတဲ့ ပဋိညာဉ်သဘောတူညီချက်ပေါ့။ အာမခံ အမျိုးအစားတွေကလည်း အာမခံထားမယ့်သူရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး ကိုက်ညီတဲ့ Cover တွေရအောင် ရွေးချယ်ထားရှိဖို့ လိုပါတယ်။

ကုမ္ပဏီတွေအားလုံးရဲ့ သတင်းအချက်အလက်တွေ ဝန်ဆောင်မှုတွေ သိရဖို့ အာမခံထားလိုသူကိုယ်တိုင် စုံစမ်းမေးမြန်းမယ်ဆို အချိန်ကာလတစ်ခု ပေးရပါလိမ့်မယ်။

အသက်အာမခံပေါ်လစီတစ်စောင် မဝယ်ယူခင်မှာ သိသင့်သိထိုက်တာတွေကို သေချာသိရှိထားဖို့ လိုပါတယ်။ အသက်အာမခံဆိုတာက…အသက်အန္တရာယ်ထိခိုက်လာနိုင်တဲ့ အခြေအနေတစ်ရပ်ရပ်အတွက် ထားရှိတဲ့အာမခံ အမျိုးအစားပါ။ အာမခံထားသူ သေဆုံးချိန်မှာ အာမခံကုမ္ပဏီက ကျန်ရစ်ခဲ့တဲ့ မိသားစုကို အာမခံကြေးထုတ်ပေးမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတိုင်း အသက်အာမခံထားနိုင်ပြီး အာမခံကြေးထုတ်ပေးတဲ့မူဝါဒအရ အသက်အာမခံကို တစ်လုံးတစ်ခဲတည်းထုတ်ပေးနိုင်သလို နှစ်စဉ်ကြေးအနေနဲ့ ထုတ်ပေးတာမျိုးလည်းရှိပါတယ်။

အာမခံကို ဘာကြောင့်လိုအပ်တာလဲဆုံးရှုံးနစ်နာမှု၊ ထိခိုက်ပျက်စီးမှုတစ်စုံတရာကြုံတွေ့တဲ့အခါ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အာမခံထားသင့်ပါတယ်။အာမခံကြေးပုံမှန်သွင်းထားရုံနဲ့ နေထိုင်မကောင်းတဲ့အခါမှာလည်း ကျန်းမာရေးအာမခံထားထားမယ်ဆိုရင် ဆေး ကုသစရိတ်အတွက် အာမခံကုမ္ပဏီကထုတ်ပေးမှာပါ။ မတော်တဆထိခိုက်မှုကြောင့် အသက်သေဆုံးခဲ့ရင်တောင် ပေးဆပ်စရာရှိတဲ့ ကြွေးမြီတွေနဲ့ အခြားသော စရိတ်စကတွေအတွက် အသက်အာမခံရှိနေတာကြောင့် ကျန်ရစ်သူတွေအတွက် စိုရိမ်မှုကင်းစေမှာပါ။ သဘာဝဘေးအန္တရာယ်၊ မီးဘေးနဲ့ ရေဘေး၊ ခိုးယူခံရမှုတွေကြောင့် ပစ္စည်းတွေဆုံးရှုံးမှုတိုင်းအတွက် စိုးရိမ်မှု ကင်းကင်းနေနိုင်မှာပါ။ မတော်တဆမှုဆိုတာမမြင်နိုင်ပါဘူး။ ဒါကြောင့် မတော်တဆမှုအတွက် ကိုယ်တိုင်မှာဖြစ်ဖြစ် ပိုင်ဆိုင်မှုတစ်စုံတရာမှာဖြစ်ဖြစ် ကြုံတွေ့လာရတဲ့အခါ ငွေကြေးဆုံးရှုံးနစ်နာမှုကို အကာအကွယ်ပေးနိုင်စေဖို့ အာမခံကို ထားသင့်တာပါ။

အာမခံနဲ့ မပတ်သက်ဖူးတဲ့ သူတွေအနေနဲ့ဆိုရင် အာမခံကုမ္ပဏီများအကြောင်းနဲ့ အာမခံဝန်ဆောင်မှုတွေအကြောင်းကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ဖို့ဆိုတာ ပိုပြီး ခက်ခဲလှပါတယ်။
ဘာ့ကြောင့်လဲဆိုတော့ အာမခံဝန်ဆောင်မှုတွေဟာ အသေးစိတ်ကျပြီး အချက်အလက်တစ်ခုမှားတာနဲ့ နှစ်ဦးနှစ်ဖက် နစ်နာဆုံးရှုံးမှုတွေများစွာကို ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုပြဿနာတွေကို အဓိကဆွေးနွေးပေးပြီး
လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ပေးနိုင်တာကတော့
Insurance Agent အာမခံကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။

FRD ငွေရေးကြေးရေး ကြီးကြပ်စီစစ်ရေးဌာန၊IBRB အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ရဲ့တရားဝင် လိုင်စင်ရ အာမခံကိုယ်စားလှယ်တွေက အခမဲ့ မေတ္တာဖြင့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးပါလိမ့်မယ်။

အာမခံကုမ္ပဏီတွေနဲ့ ချိတ်ဆက်ထားတဲ့ အာမခံကိုယ်စားလှယ်တွေဟာ
အာမခံဝန်ဆောင်မှုတွေနဲ့ပက်သက်တဲ့ ပေါ်လစီတွေ၊ လျော်ကြေးပေးချေမှုတွေ၊
သက်တမ်းတိုးကိစ္စရပ်တွေ၊ Endorsement တွေကို ကောင်းမွန်စွာသိရှိနားလည်ကြပြီး အာမခံထားလိုသူတွေကိုလည်း ဘယ်လိုအာမခံအမျိုးအစားတွေက မိမိအတွက် သင့်တော်ကောင်းမွန်ပြီး ဘယ်အာမခံကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေက တိကျမြန်ဆန်လဲ၊ ဘယ်အာမခံကုမ္ပဏီက မိမိအတွက် အဆင်ပြေမလဲ ဆိုတာကို အချိန်ကာလတစ်ခုအတွင်း နားလည်သဘောပေါက်အောင် ရှင်းပြပေးနိုင်ပါတယ်။

ဒါ့အပြင် အာမခံကိုယ်စားလှယ်များ မှတစ်ဆင့်အာမခံဝန်ဆောင်မှုလုပ်ငန်းတွေကို ရယူမယ်ဆိုရင် အပိုကြေး လုံးဝထပ်ပေးစရာမလို ၊ အချိန်ကုန် အလုပ်ပျက်ခြင်းမရှိသည့်အပြင် မိမိနဲ့အဆင်ပြေမယ့် အာမခံကုမ္ပဏီကိုလည်း ရွေးချယ်လို့ ရဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းဟာ အာမခံဝန်ဆောင်မှုကို ရယူတော့မယ်ဆိုရင် အာမခံကိုယ်စားလှယ်တစ်ယောက်တော့ ရှိသင့်ပြီး
ထိုကိုယ်စားလှယ်ဆီကနေ အကြံဉာဏ်ယူပြီး ဆွေးနွေးတိုင်ပင် ဆောင်ရွက်သင့်ပါတယ်။

ဒါကြောင့် မိတ်ဆွေရဲ့ အာမခံကိစ္စအဝဝအတွက် ဆွေးနွေးမေးမြန်းခြင်း၊ အာမခံထားရှိခြင်း တို့အတွက် …
အာမခံကိုယ်စားလှယ် တစ်ဦးဦးနှင့် ဦးစွာ ဆက်သွယ်ပြီး အကြံဉာဏ်ယူ ဆောင်ရွက်ပါလို့ တိုက်တွန်းမျှဝေလိုက်ပါတယ်။

Credit – ကျော်ကျော် (တောင်ငူ)

Life Insurance
Fire & Peril Insurance
Motor Insurance
Travel Insurance

ABOUT US

 

To be recognized as your PARTNER FOR LIFE and play a leadership role in driving social and economic development of Myanmar.

We are committed to helping individuals and families in Myanmar to live in healthier and happier lives.

We are committed to helping individuals and families in Myanmar to live in healthier and happier lives.Granted a license in June 2013, AMI is a leading insurer in Myanmar for both Life and General Insurance.AMI is commited to helping individuals and families in Myanmar to live in healthier and happier lives. We aim to deliver high quality service and innovative products through internal and external distribution channels to assist both individual and corporate customers to protect their assets from the uncertainties of tomorrow.We also engage in talented workforce with both domestic and international exposure, and maintain human capital development as our utmost priority in order to ensure long term sustainable growth of the company and the industry for the benefit of all stakeholders.As your Partner for Life, AMI aims to ensure the country’s key lifelines by providing professional and reliable service, footed on a rock-solid financial background. Through our experience, we understand the needs of our clients and aim to play an integral role in assuring their futures. We are beyond an insurance company; we form a part of shaping Myanmar’s future.

BOARD OF DIRECTORS AND SENIOR MANAGEMENTS

U ZAW ZAW

Founder and Chairman
DAW NAN LIN LIN TUN

Vice Chairman
U THAN ZAW

Vice Chairman
U MYO MIN THU

Managing Director
DAW KHIN MA MA

Executive Director
PROFESSOR DR. AUNG TUN THET

Non-Executive Director
DR. TIN LATT

Non-Executive Director

Contact Us

11 + 11 =