Dai-ichi Life Insurance ကုမ္ပဏီသည် ၁၉၀၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် စတင်တည်ထောင်ခဲ့သော ဂျပန်နိုင်ငံ အခြေစိုက် အသက်အာမခံ ကုမ္ပဏီဖြစ်ပါသည်။ ဝန်ထမ်းပေါင်း ၅ သောင်းကျော်ဖြင့် ဖွဲစည်းထားသော အသက်အာမခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယန်း ၃၇၀၄၆ ဘီလီယံ ရင်းနှီးမြှပ်နှံထားရှိကြောင်းသိရပါသည်။ Dai-ichi Life Insurance ကို ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ အသက်အာမခံလုပ်ငန်း လုပ်ကိုင်ရန် ဦးစားပေးလျှောက်ထားသူအဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ တွင် စတင်ဖွဲစည်းခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် Dai-ichi Life Insurance Myanmar သည် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ စံမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အသက်အာမခံ လုပ်ငန်းလိုင်စင်ကို ရရှိခဲ့ပါသည်။ အသက်အာမခံထားရှိခြင်းသည် မိမိနှင့် မိသားစုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ဘဝကို ရရှိနိုင်ကြောင်း မြန်မာနိုင်ငံသားများအား ပိုမိုသိရှိနိုင်စေရန်အတွက် မြန်မာနိုင်ငံဖွား MMA ချန်ပီယံ အောင်လအန်ဆန်းအား Brand Ambassador အဖြစ် ခန့်အပ်ခဲ့ပြီး Dai-ichi Life Insurance Myanmar နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Insurance