AYA SOMPO INSURANCE

AYA Sompo Insurance သည်  AYA MYANMAR INSURANCE နှင့် Sompo Japan Niooinkoa Insurance Inc. တို့မှ အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားသော ကုမ္ပဏီဖြစ်သည်။ ယခုကဲ့သို့ ပြည်ပအာမခံ ကုမ္ပဏီ နှင့် ပူးပေါင်းမှုသည် အာမခံလောကတွင် ဧရာမြန်မာအာမခံမှ ပထမဆုံးအကြိမ်ဖြစ်သည်။ အသိပညာများ၊ လူ့စွမ်းအား အရင်းအမြစ်များ၊ သတင်းအချက်အလက်များ ပူးပေါင်းဖလှယ်ပြီး အာမခံလုပ်ငန်း တိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါသည်။  

ယခုလက်ရှိအနေဖြင့် Shaping vision 2020, Beyond insurance ခေါင်းစဉ်ဖြင့် Management Retread 2019 ကို ဒီဇင်ဘာ ၆ ရက်နေ့နှင့် ၇ရက်နေ့တို့တွင် Awei Metta Hotel တွင်ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

 

အနာဂတ်တွင် AYA Sompo Insurance အနေဖြင့် သီလဝါစီးပွားရေးဇုန်တွင် အာမခံဝန်ဆောင်မှုသာမက အမျိုးသားအာမခံ ကုမ္ပဏီမှတဆင့် တိုက်ရိုက်အာမခံဝန်ဆောင်မှု့ကို AYA Sompo Insurance မှ တိုက်ရိုက်ပေါင်းစည်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ AYA Sompo Insurance အနေဖြင့် အနာဂတ်တွင် မိတ်ဆွေများ၏ အမှန်တကယ် လိုအပ်ချက်နှင့် ကိုက်ညီသော အာမခံအမျိုးအစားသစ်များကို ပိုမိုကောင်းမွန်လုံခြုံသော အာမခံ၀န်ဆောင်မှုများသာမက အကောင်းဆုံးသော နည်းပညာများကို ဖန်တီးပေးနိုင်ရန်အတွက် လုပ်ဆောင်ချက်အသစ်များ၊ နည်းဗျူဟာအသစ်များကို ချမှတ်ခဲ့ကြောင်းသိရှိရပါသည်။  

Insurance