
AYA Financial Group
AYA Financial Group ၏ ၂၀၂၀ နှစ်သစ်အကြို အခမ်းအနားကို ၂၀၁၉ ဒီဇင်ဘာလ ၃၁ရက်နေ့ ညနေက ရန်ကုန်မြို့ ရှိ Novotel Hotel ၌ ကျင်းပခဲ့သည်။ ထိုအခမ်းအနားကို အထူးဖိတ်ကြားထားသော နိုင်ငံတကာသံတမန်မိသားစုများ၊ စီးပွားဖက် မိတ်ဖက်များနှင့် အနုပညာရှင်များ တက်ရောက်ကာ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ AYA Financial Group (AFG) ၏ ယနေ့အထိ တိုးတက်ဖြတ်သန်းခဲ့ပုံ အဆင့်ဆင့် နှင့် အနာဂတ် ဘဏ္ဍာရေးဆိုင်ရာ ရည်မှန်းချက်များကို ဥက္ကဌ ဦးဇော်ဇော်မှ နှုတ်ခွန်းဆက်စကား ပြောကြားကာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Scot Marciel မှ အားပေးဝမ်းမြောက်စကားပြောကြားပြီး ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro Maruyama မှ ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့သည်။ ၎င်းနောက် AFG ၏ မိသားစုဝင်များဖြစ်သော AYA Bank၊ AYA Trust၊ AYA Sompo တို့နှင့်အတူ အကျိုးတူမိတ်ဖက် AIA Myanmar မှ အုပ်ချုပ်သူများအား စင်မြင့်ထက်တွင် ဖိတ်ကြားကာ ဧည့်သည်တော်များအား နှုတ်ခွန်းဆက်သခဲ့သည်။ ကြွရောက်လာသောဧည်သည်များ ကိုလည်း KIA Rio၊ KIA Optima၊ Suzuki Swift ကံထူးရှင် ရွေးချယ်ပေးအပ်ခဲ့သည်။ ထို့နောက် ၂၀၂၀ နှစ်သစ်ကို အားလုံး အတူတကွ ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ အခမ်းအနားကို အောင်မြင်စွာ ဆက်လက်ကျင်းပခဲ့သည်။
Recent Comments