ခရီးသွားအာမခံ

ခရီးသွားဖို့ အချိန်ကောင်းကို စောင့်နေသူများအတွက်……….

ပိတ်ရက်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေသူတွေအနေနဲ့ မိတ်ဆွေတို့ ခရီးစဉ်တစ်လျှောက် အရေးကြုံရင် ဆုံးရှုံးနစ်နာမှုအနည်းဆုံးဖြစ်အောင် အကောင်းဆုံး ကူညီထောက်ပံ့ပေးမယ့် ခရီးသွားအာမခံဆိုတာ ခရီးသည်များ မိမိတို့၏ ခရီးစဉ်အတွင်း ယာဉ်မတော်တဆအန္တရာယ်များနှင့် ကြုံလာရသည့်အခါ ငွေကြေးအားဖြင့် အထောက်အပံ့ ပေးနိုင်တဲ့ အာမခံတစ်ခု ဖြစ်ပါတယ်။

ခရီးသွားအာမခံဝယ်ယူထားမယ်ဆိုရင်

• အာမခံထားသူသေဆုံးလျှင် အာမခံထားငွေအတိုင်း ရရှိမည့်ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှရခွင့်ရှိခြင်း

• ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေအတိုင်းရရှိမည့်ငွေပမာဏကို အကျိုးခံစားခွင့်ရှိသူမှရခွင့်ရှိခြင်း

•အာမခံထားသူမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိလျှင် ဆရာဝန်၏ထောက်ခံချက်အပေါ်အခြေခံ၍ သတ်မှတ်ထားသည့်အကျိုးခံစားခွင့်ရာခိုင်နှုန်းအတိုင်း ရခွင့်ရှိခြင်း စတဲ့ အကျိုးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။

Insurance